WELCOME TO MTMOCDC

http://myintharmyooo.blogspot.com

Myin Thar Myo Oo Child Development Center. Our school is located at the corner of Thitsar Road & Phoegaung Street, 14/2 Block, South
Okkalapa, Yangon.
http://www.mtmocdc.org/

Thursday, December 1, 2016

ဆရာတော်ဘုရားနှင့် ချစ်တပည့်တက္ကသိုလ်ကျောင်းသားများ


ဖြစ်ချင်တဲ့ ဆန္ဒထက် ဖြစ်လာမည့်သဘာဝကို
မင်းတောင့်ခံနိုင်အောင်သာကြိုးစားနေပါသူငယ်ချင်း။
ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ ငါတို့တွေက
 ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုပြီး လက်ခံနေရမှာမို့လို့ပါ။ 
အဲ့ဒီအတွက် ငါ့သူငယ်ချင်း ဘာမှ စိတ်မကောင်းဖြစ်စရာမလိုဘူးနော်။
အခွင့်အရေးများတဲ့ နေရာဒေသတစ်ခုမှာတော့
 အခက်အခဲတွေလည်း မလဲမသွေတစ်ပုံကြီး ရှိနေမှာပါ။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးမ အခွင့်အရေးရတဲ့အခါ ရှိတယ်။ 
 အဲ့ဒီအခမှာတော့ ရင်ဆိုင်ဖို့သိပ်မခက်ခဲတော့ပါဘူး။ 
ပမာ- ကိုယ်စူးစမ်းလေ့လာထားတဲ့ ပညာတွေကြောင့် အဲ့ဒီပညာတွေနဲ့ထိုက်တန်တ့
 လုပ်တစ်ခု ရသွားသလိုပေါ့။
ါပေမယ့်ွင့်အရေွးေ ရပြီးမှ အခက်အခဲတွေ င်ဆိုင်ကျော်လွှားတဲ့ 
အခိုက်အတန့်တွေမှာဆိုရင် အဲ့ဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ 
နည်းလမ်းတွေ ပညာတွေ ရှာရမှာပေါ 
ဥပမာ- ကိုယ်က အလုပ်သင်အနေနဲ့ အလုပ်တစ်ခု လုပ်နေရသလိုပေါ့။ 
ဲ့ဒီအခါ အလုပ်နဲ့ ကိုက်ညီတဲ့ အရည်အချင်းတစ်ခုရဖို့အတွက် ပညာတွေ လေ့လာသင်ယူနေရသလိုပေါ့ သူငယ်ချင်း။
ါက လောကသဘာဝရဲ့ အတုံ့အလှည့်ပေါ့။
ဒီလို လောကကြီးရဲ့ ချိုတလှည့်ခါးတလှည့် သဘာဝကို 
ငါ့သုငယ်ချင်းက အလိုက်သင့်နေတတ်အောင် ကြိုးစားနော်။  

တကယ်တမ်း လောကကြီးက နေတတ်ရင် ကျေနပ်စရာပါဆိုတဲ့အတိုင်း
ငါ့သူငယ်ချင်း ကြိးစား ရိုးသားစွဲာ့ ကျေကျေနပ်နပ်နဲ့နေတတ်အောင် ကြိုးစားပါ။

Monday, March 7, 2016

https://www.blogger.com/profile/01366941962640875765့http://wkthu.blogger.com/

ဆရာ နိုင်းနိုင်းစနေရဲ့ ခွန်အားဖြစ်စရာ စာသားများ



လူတွေမှာ လျှောက်စရာလမ်း နှစ်လမ်းရှိတယ်။
တစ်လမ်းက ကိုယ်လျှောက်သင့်တဲ့လမ်း
နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း
လျှောက်သင့်တဲ့လမ်းကို အရင်ဆုံး လှလှပပလျှောက်လှမ်းနိုင်မှ
လျှောက်ချင်တဲ့လမ်းကို လျှောက်ခွင့်ရှိမှာဖြစ်တယ်။

 Nine Nine Sanay @ နိုင်းနိုင်းစနေ

 

ကိုယ့်ဘ၀ကို တန်ဖိုးထားပါ



ဘဝက အမြဲမနွေးထွေးနိုင်ပါဘူး
လူ့ဘဝလမ်း အမြဲမဖြောင့်တန်းနိုင်ပါဘူး
ဒါပေမယ့်....
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင်
ကိုယ့်တန်ဖိုးကို ကိုယ်သိနားလည်ရင်
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရင်
လောကကြီးရဲ့ မဖြောင့်ဖြူး၊ မပြည့်စုံတာတွေကို
ငါတို့ သက်တောင့်သက်သာ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။
လူ့ဘဝ ရာထူးအာဏာကြီးမားစရာမလိုဘူး.... ပျော်ရွှင်ရင်ရပြီ။
အချစ် နားဝင်ချိုသာယာတဲ့စကားမလိုဘူး .... ချစ်နေရင်ရပြီ။
ငွေကြေး တိုင်းတာတွက်ချက်စရာမလိုဘူး.... . သုံးလောက်ရင်ရပြီ။
သူငယ်ချင်း တစ်ကမ္ဘာလုံးမှာ ရှိစရာမလိုဘူး.... မင်းရှိနေရင်ရပြီ။

စိတ်ညစ်စရာနဲ့ကြုံဖူးမှ ပျော်ရွှင်ခြင်းရဲ့တန်ဖိုးကို သိတယ်
နာကျင်စရာနဲ့ကြုံဖူးမှ စိတ်ချမ်းသားခြင်းရဲ့အရသာကို သိတယ်
ဆုံးရှုံးဖူးမှ ရယူ ပိုင်ဆိုင်ခြင်းရဲ့တန်ဖိုးကို သိတယ်

တန်ဖိုးထားသင့်တာကို ကောင်းကောင်းတန်ဖိုးထားပါ
စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသား စွန့်လွှတ်ပါ။

နာကျင်ဝမ်းနည်းမှုတွေက ရှောင်လွဲလို့မရတဲ့အရာဆိုလည်း
ဘဝကို အပြုံးနဲ့ရင်ဆိုင်လိုက်ပါ.....
.
တကယ်လို့ သင်ဟာ ငါးဆိုရင်
ကောင်းကင်ပြာကို မစွဲလမ်းပါနဲ့။